ဗဟိုအကျဉ်းထောင်(မန္တလေး)တွင် အကျဉ်းသားဦးရေမှာ ဝန်ထမ်းအချိုးထက် နှစ်ဆကျော်ပိုနေ

မန္တလေး မတ် ၂၇ ဗဟိုအကျဉ်းထောင် (မန္တလေး)တွင် အကျဉ်းသားဦးရေမှာ ဝန်ထမ်းအချိုးထက် နှစ်ဆကျော်ပိုမိုနေသည်ဟု သတင်းရရှိသည်။ ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် တင်ပြခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံး အစီရင်ခံစာတွင် ဖော်ပြထားသည်။ ” ဗဟိုအကျဉ်းထောင် (မန္တလေး)မှာ အကျဉ်းသား ၈၃၇၉ ဦး ၊ ဝန်ထမ်း ၃၂၂ ဦး ရှိပြီး အချိုး ၁း၂၆ ဖြစ်နေတဲ့အတွက် သတ်မှတ်အချိုးထက် နှစ်ဆကျော်ပိုနေပါတယ်’ ဟု မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်အေးဆွေးက အစီရင်ခံစာကို ဖတ်ကြားခဲ့သည်။ ဗဟိုအကျဉ်းထောင်(မန္တလေး) တွင် ထားရှိနိုင်သော အကျဉ်းသား သတ်မှတ်ချက်မှာ အကျဉ်းသား ၃၀၀၀ ဦး ၊ ဝန်ထမ်း ၂၅၀…

မန္တလေးရှိနေအိမ်(၁)အိမ်တွင် မူးယစ်ဆေးသုံးစွဲရင်းသေဆုံးနေသည့် အမျိုးသားအလောင်းတွေ့

မတ် ၂၅ မန္တလေးမြို့ ၊ မဟာအောင်မြေမြို့ နယ်မဟာအောင်မြေအ နောက်ရပ်ကွက်၊ အကွက်၅၂၇ရှိ နေအိမ်တစ်အိမ်တွင်အမျိုးသားတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရင်း ဆေးလွန်သေဆုံးနေသည့် ရုပ်အလောင်းကို ယနေ့ နေ့လယ်ပိုင်းကတွေ့ ရှိခဲ့သည်ဟု အမှတ်(၇)နယ်မြေရဲစခန်းမှ သိရသည်။ ၄င်းရပ်ကွက်ရှိ ဒေါ်××× ၏နေအိမ်သုံးထပ်တိုက် ဒုတိယထပ်တွင် မိုးကုတ်မြို့ မှလာရောက်ပြီး ဌားရမ်းနေထိုင်သူလင်းထွန်း(၃၂)နှစ်ဆိုသူသည် မတ်(၂၄)ရက်နေ့လည်ပိုင်းမှစ၍ နေအိမ်တံခါးပိတ်ထားပြီး အပြင်သို့ဝင်ထွက်သွားလာသည်ကိုမတွေ့ရ၍ ယနေ့ (မတ် ၂၅ရက်) နေ့လယ်(၁)နာရီက ဒေါ်××× က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ထို့သို့အကြောင်းကြားချက်အရ အမှတ်(၇)နယ်မြေ ရဲစခန်းမှ ရဲအုပ်ခင်ဇော်၊ ရဲတပ်ကြပ်သင်္ကြန်မိုးနှင့်ရဲတပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့်အတူ နေအိမ်ဒုတိယထပ်သို့သွားရောက်စစ်ဆေးခဲ့ကြရာ လင်းထွန်းအား ၎င်း၏အိပ်ယာဘေးတွင် မှောက်လျက်အနေအထားဖြင့်သေဆုံးနေသည်ကို တွေ့ရသဖြင့် ပက်လက်လှန်စစ်ဆေးခဲ့ရာ ဝမ်းဗိုက်အောက်မှ ဆေးထိုးအပ်တစ်ချောင်းနှင့် ဝဲဘက်လက်ကောက်ဝတ်တွင် ဆေးထိုးထားသည့် အပ်ရာများတွေ့ရပြီး…

မန္တလေးတွင် ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ရတနာပုံခေတ်ဘုရားတစ်ဆူခိုးယူသူအား ဖမ်းဆီးအရေးယူ

မတ် ၂၅ မန္တလေးမြို့ ၊ အောင်မြေသာစံမြို့ နယ် ၊မင်းတဲအီကင်းရပ်၊ အကွက်(၁၀၉)၊ ၂၂လမ်း ၉၀×၉၁ လမ်းကြားရှိတောင်တွင်းကြီးကျောင်းတိုက်အတွင်း “ဝ” ကိုးလုံးဘုရားရှိ စကျင်ကျောက်ဖြင့်ထုထားသော ရတနာပုံခေတ်မှဘုရားတစ်ဆူခိုးယူသူကို ဖမ်းဆီးအရေးယူထားသည်ဟု အောင်မြေသာစံမြို့ မရဲစခန်း တာဝန်ကျရဲအရာရှိထံမှ သိရသည်။ ကျောင်းတိုက်အတွင်း ဝေယျာဝစ္စလုပ်ငန်းများ လုပ်နေကြစဉ် ကိုအောင်မျိုးကျော်၊ ကိုအောင်ကျော်မိုး၊ ဦးဥာဏ်၊ ဦးမျိုးကို၊ ဦးညီအောင်တို့သည် ”ဝ”ကိုးလုံးစေတီ ပုလ္လင်ပေါ်ရှိ စကျင်ဘုရားလေးဆူအနက် တောင်ဘက်အ စွန်းဆုံးရှိ စကျင်ဘုရားတစ်ဆူမှာ ပျောက်ဆုံးနေကြောင်းတွေရှိသဖြင့် ကျောင်းတိုက်မှ သံဃာတော်ဦးပဇင်းဘိုပန်းထံလျှောက်ထားပြီး ရဲစခန်းကိုအကြောင်းကြားခဲ့သည်။ ထိုသို့အကြောင်းကြားမှုအပေါ် အမှတ်(၅)မြို့ မရဲစခန်း မှ ရဲအုပ်မင်းသူနှင့်ရဲတပ်ဖွဲ့ဝင်များသည် အနီးပတ်ဝန်းကျင် လိုက်လံရှာဖွေရာ တောင်တွင်းကြီးကျောင်းတိုက်အရှေ့ဘက်လမ်းကြားတွင် အမျိုးသားတစ်ဦးကို ပီနံအိတ်တစ်လုံးနှင့်အတူ မသင်္ကာစရာတွေရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းမှာ ခင်မောင်ဝင်းဆိုသူဖြစ်ပြီး ပီနံအိတ်ထဲတွင်လည်း ဘုန်းကြီးကျောင်းမှပျောက်ဆုံးသွားသောဘုရားဥာဏ်တော်…

နိုင်ငံခြားပို့ရန် အမြန်ချောပို့ဌာနရောက်ရှိနေသည့် ဂျပ်ဖာအတွင်းထည့်ထားသော မူးယစ်ဆေးဝါးများ မန္တလေးတွင် ဖမ်းမိ

မတ် ၂၄ မန္တလေးမြို့ ၊ မဟာအောင်မြေမြို့ နယ်၊ ၇၃လမ်းရှိဟိုတယ်တစ်ခုတွင်ဖွင့်လှစ်ထားသည့် DHL အမြန်ချောပို့ (ပြည်ပသီးသန့်ဌာန) ပါဆယ်ပစ္စည်းပို့လုပ်ငန်းတွင် နိုင်ငံခြားသို့ တင်ပို့ရန်အပ်နှံထားသည့် အညိုရောင်ဂျပ်ဖာအတွင်းမှ မူးယစ်ဆေးဝါးများတွေ့ရှိသဖြင့် လူ(၃)ဦးကိုဖမ်းဆီးထားသည်ဟု အမှတ်(၉)မြို့ မရဲစခန်းမှ သိရသည်။ ပြည်ပအမြန်ချောပို့ကုန်လုပ်ငန်းတွင် မတ်လ ၂၂ ရက် ညနေ(၃)နာရီက မောင်ကျွန်းစင်နှင့် အမည်မသိအမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးတို့က နယူးဇီလန်နိုင်ငံသို့ပို့ရန် ဝိုင်ဖန်ခွက်များဟု ပြောဆိုပြီး မသင်္ကာဖွယ်အညို ရောင်၊ စက္ကူ ဂျပ်ဖာတစ်ဖာလာပို့ဆောင်ထားကြောင်း မတ်(၂၃) ရက်၊ နံနက်(၉)နာရီခွဲက မြို့ မရဲစခန်းကိုအကြောင်းကြားသဖြင့် မူးယစ်တပ်ဖွဲ့(၁၈)မှတပ်ဖွဲ့စုဝင်များ၊ မြို့ နယ်ရဲတပ်ဖွဲ့ဝင်များက အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် အနီရောင် SECTURITY CHECCKED ကပ်ထားသောအညိုရောင်ဂျပ်ဖာ စက္ကူပုံးအား ဖွင့်ဖောက်ရှာဖွေရာ အဝါရောင်ဂျပ်ဖာဘူးအတွင်းဝိုင်ဖန်ခွက်(၂)ခွက်၏ အောက်ရှိအံ့ဝှက်အတွင်းထည့်ထားသော ငွေရောင်ပလပ်စတစ်အိတ်အတွင်းမှ အိုက်(စ်)(မက်သာအက်ဖီတမင်း)ဟု…

မန္တ​လေးတွင်​ နိုင်ငံတကာအဆင့်မီ မော်တော်ကား အရောင်းပြပွဲကြီး ကျင်းပမည်

မတ် ၂၂ မန္တ​လေးမြို့တွင်​ နိုင်ငံတကာ အဆင့်မီ မော်တော်ကား အရောင်းပြပွဲကြီး ကျင်းပမည်ဖြစ် ကြောင်း CarsDB မှ သိရသည်။ ကားချစ်သူများ၊ ကားရောင်းသူများ၊ ကားနှင့်ဆက်စပ်သောလုပ်ငန်းလုပ်ကိုင်နေသူများနှင့် ကားနှင့် ပတ်သက်သူများ အားလုံးအတွက် CarsDB မှ ကြီးမှူးကျင်းပသည့် နိုင်ငံတကာအဆင့်မီ မော်တော်ယာဉ်အရောင်းပြပွဲကြီးကို မတ်လ ၃၀ ၊ ၃၁ ရက် နှင့် ဧပြီလ ၁ ရက်တွင် Mandalay Convention Centerမှာ ကျင်းပမည်ဖြစ်သည်။ “တန်ဖိုးနည်း ၊ တန်ဖိုးသင့် ၊ တန်ဖိုးကြီးကားတွေကို တနေရာထည်းမှာ ဝယ်ယူလို့ ရရှိနိုင်မှာဖြစ်ပါတယ်။ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ ရောင်းချတဲ့ ကုမ္ပဏီ တွေလည်းပါဝင်ပါတယ်” ဟု CarsDB မှ Chief Operating…

ပဉ္စမကြိမ်မြောက် မြန်မာ့သရက်သီး ပြပွဲ၊ ပြိုင်ပွဲကျင်းပမည်

မန္တလေး မတ်၂၁ ပဉ္စမကြိမ်မြောက်မြန်မာ့သရက်သီး ပွဲတော် ပြပွဲ၊ ပြိုင်ပွဲ ကို မေ ၁၁ ၊ ၁၂ ရက် တွင် မန္တလေးမြို့မှာ ကျင်းပမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေကြီးသရက်အသင်းမှ သိရသည်။ မြန်မာ့သရက်ကို နိုင်ငံတကာတန်းဝင်တင်ပို့ရောင်းချနိုင်ရန် ၊ တစ်ကမ္ဘာလုံးကသိရှိပြီး အရောင်းမြှင့်တင်ရန် ၊ သရက်သီးတွေကို GAP စနစ်နဲ့စိုက်ပျိုးရန် ၊ စိုက်ပျိုးထုတ်လုပ်သူ ၊ ဝယ်ယူသူ ၊ တင်ပို့ရောင်းချသူတွေ ခိုင်မာတဲ့ဈေးကွက်တည်ငြိမ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ” မြန်မာ့သရက်ကို နိုင်ငံတကာက သိရှိလာစေရန် ၊ နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ပြီး နိုင်ငံခြားဝင်ငွေတိုးစေနိုင်ရန်ရည်ရွယ်ပြီး အစဉ်အလာမပျက် ကျင်းပတာဖြစ်ပါတယ်။ မြန်မာ့ သရက် သီးမျိုးစုံ ကိုတစ်နေရာတည်းလေ့ လာနိုင်ပါမယ်။ ပျိုးပင်၊ သရက်သီးတန်ဖိုးမြင့်ထုတ်ကုန်များ၊ စိုက်ပျိုးရေး အရောင်းဆိုင်များ…

မန္တလေးတွင် ကျပ်သိန်း ၂၅၀၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

မတ် ၁၉ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၁၆၉၄ သိန်းတန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ် ၂၄၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ စုစုပေါင်တန်ဖိုး ကျပ်သိန်း၂၅၆၉၄သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ မတ်လ ၁၇ ရက်နေ့ နံနက် ၀၃း၀၀ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၇)မန္တလေး (မြောက်)မှ တပ်ဖွဲ့ဝင်များနှင့် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများ နှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်းတွင် ယာဉ်များအား ရှာဖွေနေစဉ် မူဆယ်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈)နေ ဇော်လတ်(ခ)အားတွမ် ၂၅ နှစ် စီးနင်းမောင်းနှင် လာသည့် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် အံဝှက်များပြုလုပ် သိုဝှက်သယ် ဆောင်လာသော ရောက်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂.၄၂…

မန္တလေးတွင် ၄နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ရန် အားထုတ်သူဖမ်းမိ

မတ် ၁၇ မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့ နယ်၊ အောင်ပင်လယ်ရပ်ကွက် တွင် အသက်(၄)နှစ်အရွယ်မိန်းကလေး ကို အဓမ္ပပြုကျင့်ရန် အားထုတ်သူကို ဖမ်းဆီးအရေးယူထားသည်ဟု အောင်ပင်လယ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စိန်ထွန်းဦးထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့ (မတ် ၁၇ ရက်) နေ့လယ်(၂)နာရီက မိခင်ဖြစ်သူ မ××× သည် နေအိမ်အောက်ထပ်တွင် အမနှင့်ညီမဖြစ်သူတို့နှင့်အတူရှိနေစဉ် မ××××၏ ယောက်မဖြစ်သူ၏ မောင်ဖြစ်သူ ကျော်ထက်ဝင်းနှင့် သမီးဖြစ်သူ အသက်၎နှစ်အရွယ်တို့သည် နေအိမ်အပေါ်ထပ်တွင်ရှိနေစဉ် ကျော်ထက်ဝင်းက အဓမ္မပြုကျင့်ရန် အားထုတ်နေသည်ကို တူဖြစ်သူက တွေ့မြင်ခဲ့ကြောင်းပြောပြသိရှိသဖြင့်အပေါ်ထပ်သို့သွား ရောက်ကြည့်ရှု့ခဲ့ပြီး မေးမြန်းခဲ့ရာမှ သိရှိခဲ့ရသဖြင့် အရေးယူပေးပါရန် နယ်မြေရဲစခန်းတွင်တိုင်တန်းခဲ့ခြင်းဖြစ်သည်။ ထိုသို့တိုင်တန်းခဲ့သည့်အပေါ် အောင်ပင်လယ်နယ်မြေ ရဲစခန်းမှ ကျော်ထက်ဝင်း(၂၂)နှစ် အောင်ပင်လယ်ရပ်ကွက်နေထိုင်သူကို (ပ) ၁၈၃/၂၀၁၉၊ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆/၅၁၁ဖြင့် အမှုဖွင့်အရေးယူထားသည်။ By –…

မန္တလေးတွင် အသက်၁၈နှစ်မပြည့်သေးသည့် မိန်းကလေး(၃)ဦးကို ပထွေးက အဓမ္မပြုကျင့်ရန်ကြံစည်သဖြင့် ဖမ်းဆီးအရေးယူ

မတ် ၁၆ မန္တလေးမြို့ ၊ မဟာအောင်မြေမြို့ နယ်၊ ရဲမွန်တောင်ရပ်ကွ က်၊ ၅၄×၃၇လမ်းဒေါင့်ရှိ ကျူးကျော်တဲတွင်နေထိုင်သည့် အသက်၁၈နှစ်၊ ၁၄နှစ်နှင့် ၉နှစ်အရွယ် မိန်းကလေးသုံးဦးကို အဓမ္မပြုကျင့်ရန် ကြံစည်သည့် ပထွေးဖြစ်သူကို ဖမ်းဆီးအရေးယူထားသည်ဟု အမှတ်(၉)မြို့ မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ မ××××သည် နေအိမ်တွင်ရှိနေစဉ် ညီမများဖြစ်ကြသည့် မ××××(၁၈)နှစ်၊ မ×××× (၁၄)နှစ်၊ မ××× (၉)နှစ်အရွယ် မိန်းကလေးသုံးဦးသည်၊ မတ်(၉)ရက်နေ့က နေအိမ်မှအပြင်သို့ထွက်သွားရာ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် အမဖြစ်သူ မ×××× က နယ်မြေရဲစခန်းတွင် လူပျောက်တိုင်တန်းခဲ့သဖြင့် လူပျောက်အမှတ်စဉ် ၄/၂၀၁၉ ရေးဖွင့်ပြီး ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေမှုပြုလုပ်ခဲ့သည်။ ထိုနောက် စုံစမ်းရှာဖွေနေကြစဉ် မတ်လ ၁၂ ရက် နေ့က အမဝမ်းကွဲတော်စပ်သူ နေထိုင်သည့် တောင်ငူမြို့ နယ်၊ကျွဲပွဲမြို့ တွင်ရောက်ရှိနေကြောင်း…

ပုသိမ်ကြီးမြို့ နယ်တွင် ဒယ်အိုးဖြင့်ဟင်းအိုးတည်ထားခဲ့ရာမှ အပူလွန်ကဲပြီးမီးလောင်၊ နေအိမ်၁၈လုံးပျက်စီးဆုံးရှုံးပြီး လူ၇၃ဦးမီးဘေးသင့်

မန္တလေး မတ် ၁၄ မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့ နယ်၊ သမ္မတောကျေးရွာတွင် ယနေ့ နေ့လယ် ၁၂နာရီခွဲခန့်က အိမ်ရှင်ဦးဇော်မိုးလွင်၏ သွပ်မိုး၊ ထရံကာ(၂)ထပ်နေအိမ်တွင် လျှပ်စစ်ဒယ်အိုးဖြင့် ဆိတ်သားဟင်းတည်ထားခဲ့ရာမှ အပူလွန်ပြီးမီးလောင်ခဲ့ရာ နေအိမ်၁၈လုံးမီးကူးစက်ခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့သည်။ မီးလောင်ရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးစီး၍အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးငြိမ်းသတ်ယာဉ်(၄၀)စီး၊ ရေသယ်ယာဉ်(၁၀)စီး၊ သန္ဓေ(၇၀)ဦး၊ အရံ ၁၅၀ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြရာ နေ့လည်(၁)နာရီဝန်းကျင်တွင်မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် သွပ်မိုး၊ နံကပ်၊ ၂ထပ်နေအိမ်(၃)လုံး၊ သွပ်မိုး၊ ထရံကာ၊ ၂ထပ်နေအိမ် ၁၀လုံး၊ သွပ်မိုး၊ ထရံကာ၊ ၁ထပ်နေအိမ်(၅)လုံး၊ စုစုပေါင်းနေအိမ် ၁၈လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၇၉၂၈၀၀၀၀ကျပ်ခန့်ရှိကာ အိမ်ထောင်စု ၁၈စုမှ လူ၇၃ဦး မီးဘေးသင့်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အိမ်ရှင်ဦးဇော်မိုး လွင်…